ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်း ကွင်းဆင်းကြီးကြပ်

ကျောက်မဲ မေ ၉

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ ပင်တီးကျေးရွာ စိမ့်စမ်းရေ အမြင့်တင်(၁/၄)မိုင်လုပ်ငန်းတွင် ဂါလံ(၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်နေမှုအခြေ အနေကို ကျောက်မဲခရိုင် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူအောင်နှင့် လက်ထောက်ညွှန်ကြားရေးမှူး(နည်း) ဦးဇော်မင်းဦးတို့မှ ယမန်နေ့နံနက်ပိုင်းက နယ်မြေကွင်းဆင်းကြီးကြပ်ခဲ့သည်။

အဆိုပါ ကျေးရွာစိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအရေးပေါ်ရန်ပုံငွေ (Quick Win) အစီအစဉ်ဖြင့် ရေတားတမံတည်ဆောက်ခြင်း၊ ဂါလံ (၅၀၀၀)ဆံ့ ရေစုကန်တည်ဆောက်ခြင်း၊ ရေပိုက်သွယ်တန်းခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ 22 Hp အင်ဂျင်နှင့် ပန့်ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများကို ရန်ပုံငွေ ကျပ် (၇၃.၅၀) သန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)