ဒဂုံမြို့သစ် (တောင်ပိုင်း))မြို့နယ်တွင်  ရက်(၁၀၀) စီမံချက်ဖြင့် စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး  

ဒဂုံဝောာင်    မေ  ၁၃

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပထမ ရက်(၁၀၀) ပြည်သူ့အကျိုးပြုလုပ်ငန်းအဖြစ် ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်နေ ပြည်သူများ စနစ်တကျအမှိုက်စွန့်ပစ်‌စေရေး အလေ့အကျင့်ကောင်းများရရှိစေရေးနှင့် အစဉ်တစိုက်လိုက်နာဆောင်ရွက်စေရေးတို့ ရည်ရွယ်ကာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနှင့် သန့်ရှင်းရေးဌာနက ဦးစီးကျင်းပသော စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး(Public Awareness) အစီအစဉ်ကို ယနေ့  နံနက် ၈ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ၂၆ ရပ်ကွက် ၊ ပြည်ထောင်စုလမ်းမကြီး၊ တောင်ဒဂုံပန်းခြံရှေ့တွင် ဆောင်ရွက်ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများစနစ်တကျအမှိုက်စွန့်ပစ်‌စေရေး အလေ့အကျင့်ကောင်းများ ရရှိစေရေးနှင့် အစဉ်တစိုက်လိုက်နာဆောင်ရွက်နိုင်စေရေးတို့အတွက် ဖြတ်သန်းသွားလာသည့် မော်တော်ယာဉ်များ လမ်းသွားလမ်းလာများ၊အလုပ်ဌာနသွားလာသူများနှင့် ဈေးသွား၊ဈေးလာ ပြည်သူများအား လက်ကမ်းစာစောင်များဝေငှခြင်း၊ ယာဉ်များတွင် အသိပညာပေးဆောင်ပုဒ် စတေကာများကပ်ပေးခြင်း၊ သရုပ်ဖော်အကများဖြင့် သရုပ်ပြသခြင်း၊ အသိပညာပေး ပြခန်းရွေ့လျားယာဉ်များဖြင့် အသိပညာပေး ဆောင်ရွက်ချက်မှတ်တမ်းများပြသခြင်း၊ အမှိုက် ၄ မျိုး (အမှိုက်စို၊ အမှိုက်ခြောက်၊ ပလတ်စတစ်၊ ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများ) ခွဲခြားစွန့်ပစ်မှု လက်တွေ့ပြသခြင်းတို့ကို ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်စမ်းစမ်းဌေး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးယု၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သန့်ရှင်းရေးဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူးချုပ် ဒေါက်တာအောင်မြင့်မော်၊  ဒုတိယညွှန်ကြားရေးမှူးဒေါ်နန်းတင်ယုဆွေနှင့် တာဝန်ရှိသူများ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်လင်းနိုင်၊  ဌာနဆိုင်ရာများနှင့် အသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြကြောင်းသိရသည်။

နေမျိုးအောင်