မအူပင် မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် မအူပင်မြို့နယ်၌ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အကျိုးခံစားခွင့်ထုတ်ပေးခြင်းအခမ်းအနားအား ယနေ့ နံနက် ၁၀ နာရီက အမှတ် (၁)ရပ်ကွက်ရှိ စည်ပင်သာယာရေးရုံး အစည်းအဝေးခန်းမတွင်ကျင်းပသည်။
ဦးစွာ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးရဲဇော်ဝင်းမှ ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ အာမခံအလုပ်သမားများအား အကျိုးခံစားခွင့်ထုတ်ပေးခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် မအူပင်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အာမခံအလုပ်သမား ဦးသန်းကျော်လင်း လုပ်သား(၃)၏ အလုပ်တွင် ထိခိုက်သေဆုံးမှုနှင့် ပတ်သက်သည့် ကျန်ရစ်သူအကျိုးခံစားခွင့်ငွေ ၈၆၄၀၀၀၀ နှင့် နာရေးစရိတ်အကျိုးခံစားခွင့်ငွေ ၇၂၀၀၀၀ စုစုပေါင်းအကျိုးခံစားခွင့်ငွေ ၉၃၆၀၀၀၀ အား ၎င်း၏ဇနီးဖြစ်သူဒေါ်ချောစုအား တိုင်းဒေသကြီးတာဝန်ခံအရာရှိမှထုတ်ပေးခဲ့ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူးဦးညွန့်ဝင်းမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
အခမ်းအနားသို့ မအူပင်မြို့နယ်ရုံးခွဲတာဝန်ခံနှင့် မိတ်ဖက်ဌာနဆိုင်ရာများ၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံများမှ အလုပ်ရှင်နှင့် အလုပ်သမားကိုယ်စားလှယ်များ၊ WCC အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)