ညောင်လေးပင် မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ရက်ပေါင်း (၁၀၀)စီမံချက်ဖြင့် ၂၀၂၆- ၂ဝ၂၇ ဘဏ္ဍာရေးနှစ် စိုက်ပျိုးစရိတ်တိုးမြှင့်ထုတ်ချေးခြင်းနှင့်၂ဝ၂၆ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၁)နာရီက မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်က အမှာစကားပြောကြားပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာ ဦးနေလင်းက တောင်သူများအားချေးငွေစည်းကမ်းသတ်မှတ်ချက်များနှင့် လယ်ယာသုံးစက်ကိရိယာထုတ်ချေးပေးနိုင်မှုအခြေအနေများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရာဇာမြင့်၊ မြို့နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသန့်ထွန်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစိုးနိုင်၊ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးနေလင်းနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ ဦးမင်းသန့်တို့ တက်ရောက်ခဲ့ကြပြီး ၂၀၂၆ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဝဲဝန်းကျေးရွာအုပ်စုရှိ တောင်သူများအား ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် ၂၀၂၆ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ယူမည့် ဝဲဝန်းကျေးရွာအုပ်စုအတွင်းရှိတောင် သူ(၁၀၄)ဦး၊ စိုက်ပျိုးစရိတ်ဧက (၆၂၂)ဧကအတွက် ငွေကျပ် ၁၈၆၆ သိန်းအား မေ ၁၂ ရက်တွင် စိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မန်နေဂျာထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)