ပြည် မေ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲသီတာခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်းက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရည်မှန်းချက်များနှင့် ရင်းနှီးမြှပ်နှံမှုလျာထားချက်များ တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။
အဆိုပါ အခမ်းအနားတွင် ပြည်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြာပြီး မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီအတွင်းရေးမှူးက စီမံကိန်းရည်မှန်းချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်ထည်ဖော်ရေးကော်မတီဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများကိုယ်စားဌာနဆိုင်ရာတာဝန်ခံများထံသို့ ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းရည်မှန်းချက်များနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းစီမံကိန်းရည်မှန်းချက် တာဝန်ပေးအပ်လွှာများပေးအပ်ကြောင်း သိရသည်။
အေးမိုး (ပြန်/ ဆက်)