မြဝတီ မေ ၁၃
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ကရင်ပြည်နယ်မှ ဝင်ရောက်ယှဥ်ပြိုင်ကြသည့် လူရည်ချွန်မောင်မယ် (၁၃)ဦးအနက် လူရည်ချွန် ရွေးချယ်ခံရသည့် မြဝတီမြို့ကိုယ်စားပြု နှစ်ထပ် ကွမ်းလူရည်ချွန် ကျောင်းသား (၂) ဦး၊ လူရည်ချွန် ကျောင်းသား/ကျောင်းသူ (၃)ဦး စုစုပေါင်း (၅)တို့အား ယမန်နေ့ နေ့လယ် (၁:၀၀)နာရီတွင် အမှတ် (၄) ရပ်ကွက်၊ အာရှလမ်းမကြီးရှိ လျှပ်စစ် ဓာတ်အားဖြန့်ဖြူးရေးရုံးရှေ့၌ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
ထိုသို့ ဂုဏ်ပြုကြိုဆိုရာ၌ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်၊ ကျောင်းအကျိုးတော်ဆောင်များ၊ ဆရာ/ဆရာမများက လူရည်ချွန်စခန်းမှ ပြန်လည်ရောက်ရှိလာသည့် အုပ်ချုပ်ကြီးကြပ် အထက်တန်းပြဆရာ ဦးခိုင်ဝင်းနှင့်အတူ မြဝတီမြို့ကိုယ်စားပြု လူရည်ချွန်မောင်မယ် ကျောင်းသား/ကျောင်းသူ (၅)တို့အား ဂုဏ်ပြုပန်းစီးဖြင့် ကြိုဆိုပြီး အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ဂုဏ်ပြုပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။ ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းက ဂုဏ်ပြုအမှာစကားကို ပြောကြားခဲ့ကြပြီးအမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ Grade -11 နှစ်ထပ်ကွမ်းလူရည်ချွန်ကျောင်းသား မောင်မြတ်ထင်လင်းမှ ကျေးဇူးတင်စကားကို ပြန်လည်ပြောကြားခဲ့ပြီး ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)