ညောင်ဦး မေ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၌ မိုးစတင်ရွာသွန်းခြင်းနှင့်အတူ ကျေးလက်တောင်သူများ ဆီထွက်သီးနှံ မြေပဲနှင့်နှမ်းများစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်၌ မေ ၁၀ ရက်နှင့် ၁၁ ရက်နေ့တွင် မိုးရွာသွန်းမှုကြောင့် ကျေးလက်တောင်သူများ ထွန်ယက်စိုက်ပျိုးနိုင်သည်အထိမိုးရွာသွန်းခဲ့ကာ နွေကာလယာမြေများ ကြိုတင်ထွန်ယက်ထားသည့် တောင်သူများ ယာနှစ်စပ်ထွန်ရုံဖြင့် တန်းကြောင်းချကာ ဆီထွက်သီးနှံမြေပဲနှင့် နှမ်းများစတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်အရှေ့ ဘက်ကြောမိုးပိုမိုရွာသွန်းခဲ့ပြီး ထွန်းစက်၊ထွန်းရှဉ်းတို့ဖြင့် စတင်စိုက်ပျိုးနေကြကြောင်း ကျေးလက်တောင်သူများသည် မြေပဲနှင့်နှမ်းမျိုးများအား မိမိတို့နုတ်သိမ်းချိန် မျိုးကောင်းမျိုးသန့်ရွေးပြီးချန်ထားသည့် မျိုးများစိုက်ပျိုးကြကြောင်းသိရသည်။ ညောင်ဦးမြို့နယ်၌ ကျေးလက်တောင်သူအများစုသည် ယာမြေများဖြစ်သည့်အတွက် မိုးဥတု၊မိုးရာသီသာ ဆီထွက်သီးနှံများ အဓိကထားစိုက်ပျိုးကြကြောင်း၊ မြေပဲကို ပင်ထောင်မြေပဲ(သုံးလ)ပဲနှင့် ပင်ပြန့်မြေပဲ(ခြောက်လ)ပဲ၊ နှစ်ကြိမ်စိုက်ပျိုးကြပြီး၊ ဆီထွက်နှမ်းကို မိုးနှမ်းနှင့်ဆောင်းနှမ်း နှစ်ကြိမ်ကြဲပက်စိုက်ပျိုးကြကြောင်း၊ သီးထပ်၊ သီးညှပ်အဖြစ် ပဲစင်းငုံနှင့်ကွာစေ့ဖရဲများ ထည့်၍စိုက်ပျိုးကြကြောင်း သိရသည်။
ဒီပါလင်း