မြင်းခြံမြို့ ဘိုချိုစာကြည့်တိုက်သို့ စာအုပ်များ သွားရောက်လှူဒါန်း

မြင်းခြံ မေ ၁၃

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၆) ရပ်ကွက်ရှိ ဘိုချို စာကြည့်တိုက်သို့ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသ စာအုပ်များကို ယနေ့ နံနက် ၁၀ နာရီခွဲ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

“မြင်းခြံမြို့မှာဆိုရင် ကျွန်မတို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကနေ ဖွင့်လှစ်ထားရှိသည့် ပြည်သူ့စာကြည့်တိုက်အပြင် အမှတ် (၆) ရပ်ကွက်မှာရှိတဲ့ ဘိုချို စာကြည့် တိုက်တို့မှာ စာအုပ်တွေကို အခမဲ့ ငှားရမ်းပေးလျက်ရှိပါတယ်။ စာဖတ်ပရိသတ်များအပြင်  ပြည်သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာကောင်းပေကောင်း ဖတ်ရှုနိုင်ရန် အတွက် သုတ/ရသ စာအုပ်ပေါင်း (၉) အုပ်ကို လှူဒါန်းရခြင်း ဖြစ်ပါတယ်”ဟု ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့က ပြောသည်။

သုတ/ရသစာအုပ် (၉) အုပ်ကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးနွဲ့နှင့် ဝန်ထမ်းများက ပေးအပ်လှူဒါန်းရာ ဘိုချိုစာကြည့်တိုက်မှ စာကြည့်တိုက်မှူး ဦးကျော်မိုးအောင်က လက်ခံရယူခဲ့ပြီး ပြည်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် စာကြည့်တိုက်တွင် စာရင်းပြုစု၍ ခင်းကျင်းပြသထားကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)