ကော့မှုး မေ ၁၃
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် ၁၀၀ စီမံချက်ဖြစ်သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး(VDP)စီမံကိန်းဖြင့် ကော့မှူးမြို့နယ်၊ ပျဥ်းကတိုးကျေးရွာ၊ ရွာတွင်းလမ်းကွန်ကရစ်ခင်းခြင်းလုပ်ငန်း ယမန်နေ့နံနက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးနေကြကြောင်း သိရသည်။
အဆိုပါလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးသန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇင်ဟိန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်(အင်းစိန်) ဦးဝင်းထွန်းနိုင်၊ တွံတေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဦး အောင်သက်ဦး၊ မြို့နယ်စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းနှင့် တာဝန်ရှိသူများမှ အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ကာလတွင် ပြီးစီးနိုင်ရေးနှင့် လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
အဆိုပါ ပျဉ်းကတိုးကျေးရွာရွာတွင်း လမ်းအရှည် ၃၆၁ပေ၊ အနံ၈ပေအမြင့် ၆လက်မရှိပြီး နိုင်ငံတော်ထောက်ပံ့ငွေ သိန်း(၁၅၀) ပြည်သူထည့်ဝင်ငွေသိန်း (၂၀)ဖြင့် မေ ၉ ရက်နေ့မှစတင် ဆောင်ရွက်နေကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)