မိုင်းပန် မေ ၁၃
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် မိုင်းပန်မြို့နယ်ဂုဏ်ဆောင် လူရည်ချွန်မောင်မယ် ကျောင်းသား၊ကျောင်းသူများသည် လူရည်ချွန်စခန်းများသို့ လေ့လာရေးခရီးသွားရောက်ခဲ့ကြပြီး ပြန်လည်ရောက်ရှိလာရာ ယမန်နေ့ညနေက အ.လ.ကမွေတော်ကျောင်း၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများတာဝန်ရှိသူများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများနှင့် ကျောင်းအကျိုးဆောင်အဖွဲ့များက ဂုဏ်ပြုကြိုဆိုကြသည်။
လူရည်ချွန်မောင်မယ်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်၊ မြို့နယ်ပညာရေးမှူး၊ အခြေခံပညာကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းအကျိုးတော်ဆောင်များက ဂုဏ်ပြုပန်းကုံး၊ ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုကြသည်။ ဆက်လက်၍ အ.ထ.က(မိုင်းပန်)ကျောင်း၌တာဝန်ရှိသူများက လူရည်ချွန်မောင်မယ်များအားတွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြားပြီး လူရည်ချွန်မောင်မယ်များက လူရည်ချွန်လေ့လာရေးခရီးအတွေ့အကြုံများကို ပြောကြားသည်။
ယင်းနောက် ကျောင်းသားမိဘတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး လူရည်ချွန်ကျောင်းသား/ကျောင်းသူများကို မြို့တွင်းသို့ လှည့်လည်ဂုဏ်ပြုကြသည်။
မြို့နယ်( ပြန်/ဆက်)