ဆင်ပေါင်ဝဲမြို့နယ် ထူးပေါက်ကျေးရွာ၌ ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းဆောင်ရွက်

ဆင်ပေါင်ဝဲ မေ ၁၃

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ် ထူးပေါက်ကျေးရွာ၌ ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား ယမန်နေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ငြိမ်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ထူးပေါက်ကျေးရွာ၌ ၂၀၂၆ - ၂၀၂၇ ခု ဘဏ္ဍာရေးနှစ်၊ (၁၈.၀၀) ကျပ်သန်း (ပြည်ထောင်စုရန်ပုံငွေ ရက် (၁၀၀) စီမံချက်) ဖြင့် ဆောင်ရွက်သည့် (၁၅ ပေ၊ ၁၀ ပေ၊ ၆ပေ) ဂါလံ (၅၀၀၀) ဆံ့ အုတ်ရေကန်တည်ဆောက်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သက်ဆိုင်သူများအားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ခန့်ဝင်း (ဆင်ပေါင်ဝဲ)