ဆိပ်ဖြူ မေ ၁၅
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် မုန်တိုင်းအန္တရာယ်အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက် ၈ နာရီက ကွင်းဆင်းဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့တို့ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်လူစည်ကားရာနေရာများနှင့် ဒေသခံပြည်သူများကို လေပြင်းမုန်းတိုင်းအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရမည့်လုပ်ငန်းများ၊ မုန်တိုင်းဖြစ်ပေါ်စဉ်လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်လုပ်ငန်းများနှင့် နောက်ဆက်တွဲဖြစ်ပေါ်နိုင်သည့် ဘေးအန္တရာယ်များကို အသိပေးခြင်းနှင့် ကာကွယ်ခြင်းနည်းများကို အသိပညာပေးနှိုးဆော်ခြင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေအသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)