ကျိုင်းတုံ မေ ၁၅
ရှမ်းပြည်နယ်(အရှေပိုင်း)၊ ကျိုင်းတုံမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀)စီမံချက်ဖြင့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က ပန်ကြူအုပ်စု၊ ပန်ကျင်အောက်(တံတားဖြူ)ရွာတွင် ဆောင်ရွက်သည်။
ထိုသို့ ရက် (၁၀၀)စီမံချက်ဖြင့် ရောဂါကာကွယ်ဆေးထိုးနှံမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောမင်းသူနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။
ကျိုင်းတုံမြို့နယ်အတွင်း ရက်(၁၀၀)စီမံချက်ဖြင့်ကျွဲ၊ နွား၊ ဝက်၊ ကြက် စသည့် မွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးစေရန် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းနှင့် မိသားစုတစ်ပိုင်တစ်နိုင်မွေးမြူရေးဖွံ့ဖြိုးလာစေရန် ကွင်းဆင်းအသိပညာပေးလုပ်ငန်းများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာခိုင်မြဲစည်သူနှင့်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)