သီပေါမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ဆရာဖြစ်သင်တန်း  မြို့နယ်အဆင့် (ဆင့်ပွား)သင်တန်းဖွင့်လှစ်

သီပေါ မေ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌ ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာဆရာဖြစ်သင်တန်း မြို့နယ်အဆင့်(ဆင့်ပွား)သင်တန်းကို ယမန်နေ့နံနက်ပိုင်းကစ၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းအား မြို့နယ်အတွင်းရှိမူလတန်းအဆင့်သင် ဆရာ၊ ဆရာမများ စနစ်သစ်သင်ကြားနည်းနှင့် ထိရောက်စွာ အသုံးပြုသင်ကြားနိုင်ရန်၊ ရှေးဦးအရွယ် ကလေးသူငယ်ပြုစုပျိုးထောင်ရေးတွင် ထိရောက်စွာအသုံးပြုနိုင်စေရန်၊ ကလေးငယ်များ၏ ဉာဏ်ပညာဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ချဉ်းကပ်ရမည့်နည်းလမ်းများ၊ လုပ်ငန်းစဉ်များတွင်ကျယ်စွာ အသုံးချနိုင်စေရန်နှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းသို့မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းကျောင်းအုပ်၊ မူလတန်းအဆင့်သင် ဆရာ၊ ဆရာမ စုစုပေါင်း(၁၁၄)ဦး တက်ရောက်လျက်ရှိပြီး နည်းပြ(၄)ဦးဖြင့် မေလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)