မိုင်းခတ် မေ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ်ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အကြောင်းနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ဆွေးနွေးပြောကြားပြီး၊ Women Club အသင်းမှ ဥက္ကဋ္ဌ ဒေါ်နော်ဝါဝါမောင်က စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးမည့် စာအုပ်ပါအချက်အလက်များကို ဆွေးနွေးပြောကြားသည်။
ထို့နောက် စာရေးဆရာနတ်သျှင်(ရွှေဂူ) ရေးသားသည့် "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်အား စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူ အမျိုးသမီးများအသင်း(Women Club)မှ အဖွဲ့ဝင်များက မိသားစုပရဟိတ၊ ကိုယ်ချင်းစာစိတ်လေးရှိစေချင်၊ အနာဂတ်ကိုမျှော်တွေးပါနှင့် မိတ်ကောင်းဆွေကောင်းနဲ့ အရည်အချင်းစသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဖတ်ကြား ဆွေးနွေးခဲ့ကြပြီး ခင်းကျင်းပြသထားသော အသိပညာပေး နံရံကပ်စာစောင်နှင့် သုတ၊ ရသစာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
နန်းနွယ်နီ(ပြန်/ဆက်)