ရေနံချောင်း မေ ၁၅
မကွေးတိုင်ဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ရက်(၁၀၀)စီမံချက်ဖြင့် မြို့နယ်အတွင်း သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန်အတွက် စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများကို တောင်သူများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့က သုံးဆယ့်ခြောက်ကျေးရွာအုပ်စု ကွင်းအမှတ်(၃၂) တောင်သူဦးမောင်ဦး၏ နွေစပါးစိုက်ခင်း၌ နွေစပါးသီးနှံစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှုများကို တောင်သူများအား ကွင်းသရုပ်ပြပွဲ ဆောင်ရွက်သည်။
ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးယဉ်မင်းစိုးက ပန်းတိုင်အထွက်နှုန်းရရှိရေး ဆောင်ရွက်ရမည့်နည်းလမ်းများ၊ စိုက်နည်းစနစ်သုံးမျိုးဖြစ်သည့် ရိုးရိုပျိုးထောင်စိုက်ပျိုးနည်း၊ ကောက်စိုက်စက်ဖြင့်စိုက်ပျိုးနည်း၊ မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးနည်းများဖြင့် အထွက်တိုးအောင်စိုက်ပျိုးရမည့် နည်းလမ်းများ၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မြေဆီလွှာကောင်းမွန်ရေး၊ ရေလုံလောက်စွာရရှိရေးစသည့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုတိုးတက်စေရန် စိုက်ပျိုးရေးဆိုင်ရာနည်းလမ်းကောင်းများကို အသိပညာပေးဆွေးနွေးသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ သုံးဆယ့်ခြောက်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၃၇ ဦး တက်ရောက်ခဲ့ပြီး တောင်သူဦးမောင်ဦး၏ နွေစပါးစိုက်ခင်းအောင်မြင်ဖြစ်ထွန်းနေမှုများကို တောင်သူများက ကွင်းဆင်းကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုစိုးကြီး