မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်ခရိုင်) အရေးပေါ်အသက်ကယ်ဆင့်ပွားသင်တန်း ဖွင့်ပွဲ အခမ်းအနားကျင်းပ

မူဆယ် မေ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့တွင် မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်ခရိုင်)၏ အရေးပေါ်အသက်ကယ် ဆင့်ပွားသင်တန်း(၂/၂၀၂၆)ဖွင့်ပွဲ အခမ်းအနားကို မူဆယ်မြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက် ၁၁ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မူဆယ်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းမင်းက တက်ရောက်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်ခရိုင်)၏ လှုပ်ရှားဆောင်ရွက်ခဲ့သည်များကို ဗီဒီယိုကလစ်ဖြင့်ပြသခဲ့ပြီး၊ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(မူဆယ်ခရိုင်)၏ မူဆယ်မြို့နယ်ဥက္ကဋ္ဌမှ သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် သင်တန်းတွင်ပို့ချမည့် အရေးပေါ်အသက်ကယ်ဆယ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ပြီး ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီများမှ ဂုဏ်ပြချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကြသည်။

အဆိုပါသင်တန်းကို ပရဟိတလူမှုကူညီရေးအဖွဲ့များသည် အများပြည်သူ၏ အခက်အခဲများ၊ ယဉ်တိုက်မှု၊ သဘာဝဘေးနှင့်မမျှော်လင့်သော အက်ဆီးဒင့်ဖြစ်စဉ်များတွင် အရေးပေါ်ကူညီကယ်ဆယ်ရာ၌ နည်းစနစ်တကျမှန်မှန်ကန်ကန် အချိန်နှင့်တပြေးညီ လျှင်မြန်စွာကူညီပေးနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး၊ သင်တန်းသား ၆၅ ဦးအား သင်တန်းနည်းပြ ၁၀ ဦးတို့က  ၄ ရက်တာ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။

ခရိုင်ပြန်/ဆက်