ပြည်ကြီးတံခွန်မြို့နယ် (ဂ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်း မီးဘေးလုံခြုံရေး စစ်ဆေး

ပြည်ကြီးတံခွန် မေ ၃၁

မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် မီးလောင်မီး‌လန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ကျော်ဦး ဦးဆောင်၍ သန္ဓမီးသတ်တပ်ဖွဲ့ဝင် ရှစ်ဦး၊ အရန် ၂၀ ဦး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းကစတင်၍ (ဂ)ရပ်ကွက်အတွင်းရှိ လူနေအိမ်များအား တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေ/ မီးသတ်ဆေးဘူးများ  ပြည့်စုံစွာထားရှိစေရေး မှာကြားခဲ့ပြီး မီးသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)