တောင်ငူ ဇွန် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုသောအားဖြင့် တောင်ငူမြို့၊ အ.ထ.က (၄) ၌ ယနေ့နံနက်ပိုင်းက “ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့” အထိမ်းအမှတ် သစ်ပင်စိုက်ပွဲ ကျင်းပသည်။
ထိုသို့ သစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပရာတွင် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦး၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးစန္ဒာနှင့် ဝန်ထမ်းများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ဆရာ၊ ဆရာများနှင့် ကျောင်းသား ကျောင်းသူများက ပျဥ်းမ၊ ခရေ၊ ယင်းမာပင်၊ ငုရွှေဝါ၊ ကံ့ကော်၊ မဟော်ကနီနှင့် တမာပင် စုစုပေါင်း အပင် (၆၀) အား စိုက်ပျိုးခဲ့ပြီး ကျောင်းသား ကျောင်းသူများအား “ရာသီဥတုပြောင်းလဲမှုနှင့် ကျွန်တော်တို့၏ အနာဂတ်” အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (တောင်ငူ)