ရန်ကုန် ဇွန် ၂
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်၊ တရားရုံးဝန်ထမ်းများ အရည်အသွေးမြှင့်သင်တန်း အမှတ်စဉ် ၁/၂၀၂၆ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ (အပေါ်ထပ်) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်က အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေးဦးစီးမှူး၊ ခရိုင်တရားသူကြီးများ၊ တရားရေးအရာရှိများနှင့် သင်တန်းသား/သင်တန်းသူများအပါအဝင် စုစုပေါင်း (၁၁၂) ဦးတို့ တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၄) ပတ်ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြနိမာပြည်) စာရေးဝန်ထမ်းအမှတ်စဉ် (၂၁၇) ၌ “စစ်ရေးပြထူးချွန်ဆု” ရရှိခဲ့သော တိုက်ကြီးမြို့နယ်တရားရုံးမှ အငယ်တန်းစာရေး ဦးတိုးတက်နိုင်အား ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တးသူကြီးချုပ် ဒေါ်စန္ဒာသွယ်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေတို့ကို ပေးအပ်ချီးမြှငိ့ခဲ့ကြောင်း သတင်းရရှိပါသည်။
ခင်ဝင်း (ပြန်/ဆက်)