သဲကုန်း​မြို့နယ်၌ ​တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေး ဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းများဆောင်ရွက်

သဲကုန်း ဇွန် ၂

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ ပြည်သူများ ရောဂါကင်းရှင်းပြီး ကျန်းမာစွာနေထိုင်နိုင်ရန် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ အသိပညာပေးဟောပြောခြင်းနှင့် အခမဲ့ကွင်းဆင်းကုသပေးခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က ရပ်ကွက် (၄) ပေါက်တောရပ်ကွက်သို့ သွားရောက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်အေး​အေး​မော်က မြန်မာ့တိုင်းရင်းဆေးပညာအကြောင်း သိကောင်းစရာများ၊ လက်တွေ့အသုံးချနိုင်သော တိုင်းရင်းဆေးနည်းများအကြောင်း အသိပညာပေးရှင်းလင်းဟောပြောခဲ့ပြီး၊ ဒေသခံပြည်သူများအားရောဂါများ အခမဲ့စမ်းသပ်စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များမှ လိုအပ်သည်များအား ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကျော် (သဲကုန်း)