ပလောက် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊မူလွန် (ကံမော်ကြီး)ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး၊ဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်မိ ရပ်ဖများဖြင့် ကျောင်းများရှိ ခြံဝန်းများ၌ ခြင်၊ ယင်နှင့် ပိုးလောက်လန်းပေါက်ဖွားနိုင်သောနေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် ရေဂါလံ(၃၇၀၀၀)ဂါလံအားအဘိတ်ဆေးခတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြ ပြီး ခြင်၊ ယင်ပေါက်ဖွားမှုမရှိစေရန် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)