သုံးခွမြို့နယ်တွင် သမဝါယမအသင်းသား တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပေးအပ်ပွဲကျင်းပ

သုံးခွ ဇွန် ၂

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် သမဝါယမဦးစီးဌာနက အစိုးရ၏ ရက် (၁၀၀) စီမံချက်ဖြင့် မိုးစပါးစိုက်ပျိုးမည့် သမဝါယမအသင်းသား တောင်သူများအား မျိုးစပါးနှင့် သဘာဝမြေဩဇာများ ပေးအပ်ခြင်းကို မေလ ၃၁ ရက် နေ့လယ် (၁) နာရီက မြို့နယ်သမဝါယမဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် တိုင်း‌ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်မြတ်စုနှင့် မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်‌ရေးမှူး ဦးမျိုးမြင့်ကျော်တို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်‌ကေသီမြလှိုင်က သမဝါယမအသင်းသား တောင်သူများအား မျိုးစပါးနှင့် သဘာဝ‌မြေသြဇာပေးအပ်ရခြင်ကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက အသင်း (၈) သင်း၊ အသင်းသား (၁၅၆) ဦးအတွက် မျိုးစပါးနှင့် သဘာဝမြေဩစာများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသန်းမှ တက်ရောက်လာသည့် အသင်း‌သားတောင်သူများအား စိုက်ပျိုးရေးအသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)