လက်ပံတန်း ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) ၏ သတ္တမအကြိမ်မြောက် AGTI ဒီပလိုမာလက်မှတ် အပ်နှင်းသည့် အခမ်းအနားကို မေ ၃၁ ရက်နေ့နံနက် ၉ နာရီက ၂ လမ်း ခန်းမ၌ ကျင်းပခဲ့သည်။
လက်ပံတန်းမြို့ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်း၏ ၂၀၂၄ - ၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ထူးချွန်စွာ အောင်မြင်ခဲ့ကြသည့် မောင်မယ်များအား ဒီပလိုမာလက်မှတ်အပ်နှင်းခြင်းဖြစ်ပြီး၊ အခမ်းအနားတွင် ကျောင်းအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနားကျင်းပကြောင်း ကြေညာ၍ ဒီပလိုမာလက်မှတ်ရယူမည့် ကျောင်းသား၊ ကျောင်းသူများအား ကတိကဝတ်ပြုစေပြီး၊ ဒီပလိုမာအောင်လက်မှတ် တက်ရောက်ရယူသည့် မေဂျာအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၆၉ ဦးတို့အား ဒီပလိုမာလက်မှတ်များကို ပေးအပ်သည်။ ယင်းနောက် ကျောင်းအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်းက မိန့်ခွန်းပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
သတ္တမအကြိမ်မြောက် ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲ အခမ်းအနားသို့ အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) ကျောင်းအုပ်ကြီး ဒေါက်တာအောင်မျိုးဝင်း၊ ဒုတိယကျောင်းအုပ်ကြီး ဒေါက်တာမြင့်ဇူဌေးနှင့် ဌာနမှူးများ၊ သင်ကြားရေး ဆရာ/ ဆရာမများနှင့် အောင်လက်မှတ်ရယူကြသည့် ကျောင်းသား/ ကျောင်းသူများ ၎င်းတို့၏မိဘများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)