မြဝတီမြို့တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများ  စတင်ဖွင့်လှစ်

မြဝတီ ဇွန် ၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် ယနေ့ ဇွန်လ ၁ ရက်နေ့ ၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများစတင် ဖွင့်လှစ်ခဲ့ရာကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာဖြင့် ပညာတက်ရောက်သင်ကြားလျက်ရှိကြသည်။

မြဝတီခရိုင်အတွင်း အခြေခံပညာကျောင်း(၁၀၅)ကျောင်းနှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၅)ကျောင်း ပုဂ္ဂလိကပညာသင်ကျောင်း(၇)ကျောင်း စုစုပေါင်း (၁၁၇)ကျောင်းရှိရာ ဖွင့်လှစ်သင်ကြားလျက်ရှိသည့်အခြေခံပညာကျောင်း (၇၄)ကျောင်းဘုန်းတော်ကြီး သင်ပညာရေးကျောင်း (၅)ကျောင်း၊ ပုဂ္ဂလိကပညာသင်ကျောင်း()ကျောင်း၊ စုစုပေါင်း (၈၆) ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာ ပညာတက်ရောက်သင်ကြားနေမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်း​ကြီးကြပ်၍၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်၊ ခရိုင်ပညာရေးမှူး၊ ဦးစောဝါးလယ်ထူး၊ မြို့နယ်ပညာရေးမှူး ဦးမိုးကျော်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)