ပေါင်းတည် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ သစ်တောဦးစီးဌာနက ၂၀၂၆ ခုနှစ်မိုးရာသီ (အကြို) သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပေါင်းတည်မြို့နယ်၊ တောင်ဘို့လှကျေးရွာအုပ်စု၊ တောင်ဘို့လှကျေးရွာ အ.ထ.က (ခွဲ) ကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့သည်။
အဆိုပါ မြို့နယ်စီမံခန်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ အ.ထ.က(ခွဲ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများ၊ သစ်တောဝန်ထမ်းများ စုစုပေါင်းအင်အား ၈၁ ဦးတို့က ကျွန်း၊ ကံကော်၊ ငုရွှေဝါ၊ စိန်ပန်းကြီး၊ မယ်ဇယ်၊ ရေတမာ စုစုပေါင်း စိုက်ပျိုးပင် ၃၅၀ အား ပူးပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
ရွှေသား(IPRD)