ညောင်ဦးမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ညောင်ဦး ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ်များ ရှင်းလင်းဆွေးနွေးပွဲကို ဇွန် ၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အနော်ရထာခန်းမ၌ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပြန်လည်ရွေးချယ်နိုင်ရန်အတွက် ကြီးကြပ်ရေးမှူးများ ရွေးချယ်ရေးလုပ်ငန်းစဉ်များရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင်  မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်ကအဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဥပဒေအရာရှိ ဦးဝင်းထက်ကျော်က ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တက်ရောက်လာသူများက သိရှိလိုသည်များအပေါ် မေးမြန်းဆွေးနွေးခဲ့ကြရာ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ  ဦးဝင်းလှိုင်တင့်က ပြန်လည်ဆွေး နွေးဖြေကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း