တနင်္သာရီမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ UID ကတ် ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး

တနင်္သာရီ ဇွန်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှနိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ UID ကတ်ထုတ်ပေးခြင်းနှင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းလုပ်ငန်းများကို ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက တနင်္သာရီမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(တနင်္သာရီ)တွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖိလစ်ဝင်း၊ တနင်္သာရီမြို့မရဲစခန်းမှူး ဒုရဲမှူး စိုးနိုင်နှင့် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးတို့က လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရာတွင် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) လမင်းစီမံချက်အရ ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ UID ကတ်ပြားများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ စနစ်တကျရရှိနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာနများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တနင်္သာရီ(ပြန်/ဆက်)