ဝမ်းတွင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာဖြင့် ပညာများသင်ကြား

ဝမ်းတွင်း  ဇွန် 

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဝမ်းတွင်းမြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း (၁၇၉)ကျောင်း၊ ကိုယ်ပိုင်ကျောင်း (၆) ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာကျောင်း (၂)ကျောင်းရှိပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲမြင့်သိန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု့၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဌေးလှိုင် (ပြန်/ဆက်)