မိတ္ထီလာမြို့၌ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် ကျောင်းသူ၊ ကျောင်းသားများ ကျောင်းစတင်တက်ရောက်မှု တာဝန်ရှိသူများကြည့်ရှုအားပေး

မိတ္ထီလာ ဇွန် ၂

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၆-၂ဝ၂၇ ပညာသင်နှစ် အခြေခံပညာကျောင်းများတွင် ကျောင်းသူ၊ ကျောင်းသားများ ယနေ့နံနက်ပိုင်းမှစတင်ပြီး ကျောင်းစတက်ရောက်ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကြည့်ရှုအားပေးရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ကျောင်းသူ၊ ကျောင်းသားများ စတင်ကျောင်းတက်ရောက်မှု၊  နိုင်ငံတော်အလံနှင့် ခေါင်းဆောင်ကြီးများအားအလေးပြုမှု၊ နိုင်ငံတော်သီချင်းနှင့် ဇာတိမာန်သီချင်းများ သီဆိုမှု၊ ကျောင်းအုပ်ကြီးမှ ကျောင်းစည်းကမ်းများနှင့် ဩဝါဒပြောကြားမှုများကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပညာရေးမှူး ဒေါ်မော်မော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး ကျောင်းသူ၊ ကျောင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းသာ