ချောက် သြဂုတ် ၆
မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် ဧရာဝတီမြစ်ရေမြင့်တက်ဝင်ရောက်လာမှုကြောင့် မြေနိမ့်ပိုင်းဖြစ်သော အမှတ်(၂)ရပ်ကွက် လေဘာဆိပ်ရပ်၌ အိမ်ထောင်စုများ ရေဘေးရှောင်ရွေ့ပြောင်းနေထိုင်မှုအတွက် ချောက်မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှဆန်ရိက္ခာထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့ ညနေက ပေးအပ်သည်။
အဆိုပါထောက်ပံ့ငွေပေးအပ်ခြင်းကို အမှတ်(၂)ရပ်ကွက် လေဘာဆိပ်ရပ်ပေါ်တော်မူဆုတောင်းပြည့်ဓမ္မာရုံပေါ်၌ ရေဘေးရှောင်အိမ်ထောင်စု(၂၅)စု လူတစ်ဦးလျှင် ဆန်ရိက္ခာထောက်ပံ့ငွေကျပ် ၂၁၀၀ နှုန်းဖြင့် လူဦးရေစုစုပေါင်း ၁၀၄ ဦး အတွက် ဆန်ရိက္ခာ ထောက်ပံ့ငွေကျပ် ၂၁၈၄၀၀ အား မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့ ဒုရဲမှူးဇော်ဝင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစောမြဖောင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)