မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေး ဇွန် ၂

 မန္တလေးတိုင်း‌ဒေသကြီး၊ မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးသို့ မီးလောင်မီး‌လန့်မှုများ မဖြစ်ပွားမပေါ်ပေါက်စေရေးအတွက် ရက်(၁၀၀) စီမံချက်ဖြင့် ပြည်ကြီးတံခွန်မြို့နယ် သန္ဓမီးသတ်တပ်ဖွဲ့ဝင် (၅)ဦးဖြင့် ယမန်နေ့နံနက် ၉ နာရီခွဲက မီးဘေးလုံခြုံရေးစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။         

အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေး ဆောင်ရွက် ရာတွင် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးချိတ်/ မီးကပ်/ သဲ/ ရေ/မီးသတ်ဆေးဘူးများ  ပြည့်စုံစွာထားရှိစေရေးမှာကြားခဲ့ပြီး မီးသတိပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)