စဉ့်ကိုင် ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ကျောင်းနေအရွယ်ကလေးငယ်များအားလုံး ပညာသင်ယူခွင့် ရရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီတွင် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစတင်တက်ရောက်၍ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းနေအရွယ်ကလေးငယ်များ၊ ကျောင်းပြင်ပတွင် ရောက်ရှိနေသော ကျောင်းသား၊ ကျောင်းသူများအားလုံး အချိန်မှီကျောင်းအပ်နှံနိုင်ရေးကိုလည်း မိဘဆရာအသင်းများ၊ ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် အတန်းပိုင်ဆရာ/ ဆရာမများမှ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူခွင့်ရရှိရေးအတွက် ဆောင်ရွက်ပေးလျက်ရှိရာ စဉ့်ကိုင်မြို့နယ်တွင် အခြေခံ ပညာအထက်တန်းကျောင်း(၆)ကျောင်း၊ အထက်တန်း (ခွဲ)ကျောင်း (၁၀) ကျောင်း၊ အလယ်တန်းကျောင်း (၉)ကျောင်း၊ အလယ်တန်း (ခွဲ) ကျောင်း(၆)ကျောင်း၊ မူလတန်း(လွန်)ကျောင်း (၂)ကျောင်း၊ မူလတန်းကျောင်း(၇၉)ကျောင်း၊ မူလတန်းခွဲ(၁) ကျောင်းစုစုပေါင်း အခြေခံ ပညာကျောင်း (၁၀၃) ကျောင်းတို့၌ KG တန်းမှ G-12 တန်းတို့ရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စတင်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)(၃၉၉)