သရက်ချောင်း ဇွန် ၂
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ယမန်နေ့နံနက်ပိုင်းက ကျောင်းများစတင်ဖွင့်လှစ်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အတွင်းရှိ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများကို ယနေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ မြို့နယ်ပညာရေးမှူး ဒေါ်လှအေးကြီးကြပ်မှုဖြင့် အခြေခံပညာကျောင်းများအသီးသီးရှိ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများပညာသင်ကြားရာတွင် ဆင်ပြေချောမွေ့စွာဖြင့် ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယခု ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတော်မှ အခမဲ့ဖြန့်ဝေထားသော ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေးကိရိယာများနှင့် ကျောင်းဝတ်စုံများကို ကျောင်းအပ်လက်ခံရာတွင် ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)