ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းများစတင်ဖွင့်လှစ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားလျက်ရှိ

ကျောက်ပန်းတောင်း ဇွန် ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် စာသင်ကျောင်းများ မေ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်နေပြီဖြစ်ရာ၊ ကျောင်းအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူလေးများ အေးချမ်းပျော်ရွှင်စွာ တက်ရောက် ပညာသင်ကြားလျက်ရှိနေကြသည်။

ကျောက်ပန်တောင်းမြို့နယ်တွင် အခြေခံပညာကျောင်း ၂၆၉ ကျောင်း၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၆ ကျောင်းနှင့် ကိုယ်ပိုင် ကျောင်း ၁၃ ကျောင်း စုစုပေါင်း စုစုပေါင်း ၂၈၈ ကျောင်း ဖွင့်လှစ် သင်ကြားလျက်ရှိရာ၊ အဆိုပါကျောင်းများတွင် မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၂၀၉၄၇ ဦး၊ အလယ်တန်းဆင့် ၈၆၀၉ ဦးနှင့် အထက်တန်းဆင့်တွင် ၁၈၅၉ ဦး စုစုပေါင်းကျောင်းသားကျောင်းသူ ၃၁၄၁၃ ဦး တို့ စတင် တက်ရောက်လျက်ရှိကြပြီး၊ ပညာရေးဝန်ကြီးဌာနမှ ထောက်ပံ့သည့် ကျောင်းသုံး ပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် စာရေးကရိယာများကိုလည်း သက်ဆိုင်ရာအတန်းအလိုက် ကျောင်းအပ်နှံချိန်တွင် တပါတည်း ထုတ်ဝေပေးခဲ့ပြီးဖြစ်ရာ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ ကျောင်းအသီးသီးတွင် အဆင်ပြေ ချောမွေ့စွာဖြင့် တက်ရောက် ပညာသင်ကြား လျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)