ချမ်းမြသာစည်မြို့နယ်တွင် ၂၀၂၆- ၂၀၂၇ ပညာသင်နှစ် ကျောင်းများ စတင်ဖွင့်လှစ်

ချမ်းမြသာစည် ဇွန်  ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့်အတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်ပြီးဖြစ်သောကြောင့် မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများ စည်ကားများပြား ပျော်ရွှင်စွာ ကျောင်းသို့လာရောက်လျက်ရှိသည်။

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်အတွင်း၌ အခြေခံပညာကျောင်းပေါင်း (၃၄)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (၆) ကျောင်း၊ ကိုယ်ပိုင်အထက်တန်းကျောင်း (၄၀) ကျောင်း စုစုပေါင်း (၈၀) ကျောင်းရှိပြီး ကျောင်းအပ်နှံရေးနေ့သီတင်းပတ်ကို မေလ ၂၅ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံမှုလက်ခံခဲ့ပြီး ဇွန်လ ၁ ရက်နေ့တွင် ကျောင်းများစတင်ဖွင့်လှစ်ပြီးဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူရန် ကျောင်းအစိမ်းအဖြူ တူညီဝတ်စုံများဖြင့် ကျောင်းများသို့ စည်ကားများပြားပျော်ရွှင်စွာ လာရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)