ကရသူရိမြို့၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာများ စတင် ပို့ချ/သင်ကြား

ကရသူရိ ဇွန် ၂

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊   ကရသူရိမြို့၊   အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်၊ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသင်ခန်းစာများကို ဇွန်လ ၁ရက် နံနက် ၉ နာရီမှစ၍ ဆရာ/ဆရာမများက အတန်းလိုက် စတင် ပို့ချ/ သင်ကြား ပေးလျက်ရှိသည်။

ကရသူရိမြို့၊   အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်ကို KG အတန်းမှ Grade-12 အတန်းအထိ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိပြီး ကျောင်းအပ်နှံ ခြင်းမပြုရသေးသည့် ကျောင်းသား၊ ကျောင်းသူများအား ဆက်လက် လက်ခံဆောင်ရွက်ပေးလျက် ရှိသည်။

၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး မိဘအုပ်ထိန်းသူများဖြင့် လာရောက်အပ်နှံခဲ့ကြရာ ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများအား ပုံနှိပ်စာအုပ်၊  ဗလာစာအုပ်နှင့် ကျောင်းဝတ်စုံတို့ကို အခမဲ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)