ပုလော ဇွန် ၂
၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်ခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်ရှိ အခြေခံပညာကျောင်းများ ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းက ကျောင်းသား၊ ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ KG မှ Grade-12 အထိ ကျောင်းသား၊ ကျောင်းသူများကို ပုံနှိပ်စာအုပ်၊ ဗလာစာအုပ်၊ စာရေး ကိရိယာများနှင့် ကျောင်းဝတ်စုံများကို အခမဲ့ထောက်ပံ့ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများက ကျောင်းသား၊ ကျောင်းသူများကို ပညာသင်ကြားရာတွင် ဆင်ပြေချောမွေ့ စွာဖြင့် ပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပညာရေးမှူးရုံး မှ သိရသည်။
ပုလော (ပြန်ဆက်)