တောင်ငူ ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံး၌ ခရိုင်အဆင့်သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု အခြေခံသင်တန်းကို ယနေ့နံနက်ပိုင်းက ဖွင့်လှစ်သည်။
ထိုသို့ သင်တန်းဖွင့်လှစ်ရာတွင် တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက အမှာစကားပြောကြားပြီး တောင်ငူခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ချိုသက်ပိုင်ဝင်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကာ သင်တန်းအား ဖွင့်လှစ်သည်။ အဆိုပါသင်တန်းတွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများကို နည်းပြ (၁၀) ဦးက ဇွန် ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ပြီး ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ လူမှုရေးပရဟိတအသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်ကိုကို