ဘုတ်ပြင်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူအေးချမ်းစွာ ပညာသင်ကြား

ဘုတ်ပြင်း   ဇွန်  ၂

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့နံနက်က တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ စတင်တက်ရောက်၍ အေးချမ်းစွာပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ အခြေခံပညာကျောင်း(၉၁)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း( ၄ ) ကျောင်းနှင့်ကိုယ်ပိုင်အလယ်တန်းကျောင်း (၁)ကျောင်း စုစုပေါင်းကျောင်း(၉၆)ကျောင်းတို့တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)