ပျော်ဘွယ် ဇွန် ၂
နိုင်ငံတော်မှ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင်ချမှတ်ထားသော နိုင်ငံတော်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ဖို့ ကျောင်းနေအရွယ်ကလေးအားလုံး ကျောင်းအပ်နှံကြပါစို့ဟူသော ဆောင်ပုဒ်နှင့်အညီ အခြေခံပညာကျောင်းများကို ဇွန်လ ၁ ရက်နေ့မှ စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပျော်ဘွယ်မြို့နယ်တွင်လည်း ယမန်နေ့နံနက်ပိုင်းမှစတင်၍ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
ပျော်ဘွယ်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၄၁ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁၄ ကျောင်း၊ ကိုယ်ပိုင်အထက် တန်းကျောင်း ၄ ကျောင်း၊ ကိုယ်ပိုင်အလယ်တန်းကျောင်း ၁ ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း ၁ ကျောင်းရှိပြီး ကျောင်းအပ်နှံမှုအနေဖြင့် ယနေ့အချိန်အထိ မူလတန်းအဆင့်တွင် ၂၈,၈၅၂ ဦး၊ အလယ်တန်းအဆင့်တွင် ၁၃,၄၅၁ ဦး၊ အထက်တန်းအဆင့်တွင် ၂,၉၇၂ ဦး၊ စုစုပေါင်း ကျောင်းသားဦးရေ ၄၅,၂၇၅ ဦးအား ကျောင်းအပ်နှံမှုကို လက်ခံဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)