ရန်ကုန် ဇွန် ၂
သန်လျင်ခရိုင် သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာတောင်သူ ဦးကျော်စွာ၏ လယ်မြေတွင် မိုးစပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီတွင် အဆိုပါလယ်မြေ၌ ကျင်းပသည်။
မိုးစပါးမျိုးစေ့ချကိရိယာ(Drum Seeder)ဖြင့်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲသို့ သန်လျင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးရန်မျိုးအောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဝင် ဦးဆန်းဝင်း၊မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်စိုးဝင်းနှင့် မြို့နယ်စိုက်ပျိုးရေး ကြီးကြပ်မှုအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးခင်မောင်ထွေးနှင့် ဒေသခံတောင်သူများ တက်ရောက်ကြည့်ရှုအားပေးကြသည်။
အဆိုပါ မိုးစပါးမျိုးစေ့ချကိရိယာ (Drum Seeder)ဖြင့် မှော်ဘီ ၃ မျိုးစပါးအား စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ(သန်လျင်)