ရွှေတောင် ဇွန် ၂
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင် မြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ရွှေတောင်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စု၊ မင်းရွာကွင်းအမှတ် (၄၂၁) ကွင်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေဆင်းပေါ်ဆန်း- ၁ (၄၂) ဧကနှင့် ရေဆင်းပေါ်ဆန်း- ၂ (၂၀) ဧက စုစုပေါင်း (၆၂) ဧက မျိုးစေ့ထုတ် စိုက်ခင်းအတွင်းရှိ တောင်သူ ဦးခင်အေးနိုင်၏ လယ်မြေ (၁.၀၀) ဧကတွင် ( ရေဆင်းပေါ်ဆန်း- ၁) နွေစပါး စံကွက်ရိတ်သိမ်းပွဲအခမ်းအနား ပွဲကျင်းပခဲ့သည်။
နွေစပါးစံကွက်ရိတ်သိမ်းပွဲအခမ်းအနားသို့ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးနှင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ စုစုပေါင်း (၁၃၅) ဦးခန့် တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး (၁.၀၀) ဧကစံပြကွက်ရိတ်သိမ်းခဲ့ရာ အစိုထွက်တင်း (၈၃.၅၄) တင်းထွက်ရှိခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)