ပလောက် ဇွန် ၂
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ အမှတ်(၄)ရပ်ကွက်၊ အ.လ.က(ခွဲ) ဝါးဇွမ်းအုပ်ကျောင်း၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခတ်ခြင်းများကို ပလောက်မြို့၊ ကျန်းမာရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေး၊ဦးစီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများ မြို့စည်ပင်သာယာရေးအဖွဲ့၊ ပလောက်နယ်မြေမီးသတ်စခန်းနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ ရပ်ဖများ၊ မြို့အမျိုးသမီးရေးရာအဖွဲ့ဖြင့် ကျောင်းများရှိ ခြံဝန်းများ၌ ခြင်၊ ယင်နှင့် ပိုးလောက်လန်းပေါက်ဖွားနိုင်သော ရေကန်၊ရေပီပါပုံးနှင့် ဘုရားပန်းအိုးစသည့်နေရာများကို ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီး ခြင်၊ ယင် ပေါက်ဖွားမှုမရှိစေရန် ကျန်းမာရေးအသိပညာပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပလောက်(ပြန်/ဆက်)