ချမ်းအေးသာစံ ဇွန် ၂
၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းများစတင်ဖွင့်လှစ်ခြင်းကို ဇွန်လ (၁) ရက်နေ့မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ပြိုက်နက်ဆောင်ရွက်ခဲ့ကြပြီး ချမ်းအေးသာစံမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၃၀၀၀ ကျော် ပျော်ရွှင်တက်ကြွစွာ တက်ရောက်သင်ကြားလျက်ရှိသည်။
ချမ်းအေးသာစံမြို့နယ်၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံပညာ ၄၀ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၇ ကျောင်းနှင့် ကိုယ်ပိုင်ကျောင်း ၂၂ ကျောင်းတို့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မေ ၂၅ ရက်နေ့မှ မေ ၃၁ ရက်နေ့အထိ ကျောင်းအပ်နှံမှုစာရင်းမှာ မူလတန်းအဆင့် ၁၂,၅၉၂ ဦး၊ အလယ်တန်းအဆင့် ၆,၄၅၇ ဦး၊ အထက်တန်းအဆင့် ၃,၉၅၃ ဦး၊ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၂၃၀၀၂ ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်စေရန်အတွက် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် ဆောင်ရွက်ထားရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို အဆင်သင့်ထားရှိခြင်း၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ထားရှိခြင်း စသည်တို့ကို မြို့နယ်သက်ဆိုင်ရာ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ချမ်းမြေ့မောင်(ပြန်/ဆက်)