ငါန်းဇွန်မြို့နယ်၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှ(၂)နှစ်အောက်ကလေးငယ်များ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိ

ငါန်းဇွန်  ဇွန်၂

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမတွင် ၂၀၂၆ ခုနှစ်၊ ယနေ့ နံနက်() နာရီအချိန်က ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမ‌ေ(၂နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

ငါန်းဇွန်မြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွားဆရာမများနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည်  လစဉ် ဆန်း (၁) ရက်နေ့ နှင့် (၂) ရက်နေ့များတွင် နံနက်()နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမအတွင်း၌ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ နှင့် မွေးစမှ()နှစ်အောက် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

မွေးစမှ () နှစ်အောက်  ကလေးငယ်များအား ထိုးနှံပေးသည့် ကာကွယ်ဆေးအမျိုးအစားများမှာ ဘီစီဂျီ၊ အသည်းရောင်အသားဝါ(ဘီ) ပြင်းထန်ဝမ်းပျက်ဝမ်းလျှော(ရိုတာ) ပိုလီယို၊ ပိုလီယိုထိုးဆေး၊ ပြင်းထန်အဆုတ်ရောင်(ပီစီဗီ) ဆုံဆို့-ကြက်ညှာ-မေးခိုင်- အသည်းရောင်အသားဝါ(ဘီ)-ဦးနှောက် အမြှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး) ဂျပန်ဦးနှောက်ရောင်၊ ဝက်သက်-ဂျိုက်ဘိုးစသည့် ကာကွယ်ဆေးများကို ထိုးနှံပေးပြီး ကာကွယ်ဆေးထိုးမှတ်တမ်းကဒ်များတွင် စနစ်တကျမှတ်တမ်းရေးသွင်းပေးခဲ့ကြောင်း သိရသည်။

ပုံမှန်ကာကွယ်ဆေးများကို မြို့နယ်အတွင်းရှိ ကလေးငယ်များအပြင် အခြားဒေသမှရောက်ရှိနေသည့် ဧည့်သည်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကိုလည်း ကာကွယ်ဆေးထိုးရက် မကျော်လွန်စေရန်အတွက် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးပေးခဲ့ရာ ယခုလ ဇွန်()ရက်နှင့် ()ရက်နေ့ များတွင် စုစုပေါင်းကာကွယ်ဆေးထိုးနှံသူ ကလေးငယ် (၁၅၈) ဦးနှင့် ကိုယ်ဝန်ဆောင်မိခင် (၄၆)ဦး လာရောက် ကာကွယ်ဆေးထိုးနှံခဲ့ကြောင်း သိရသည်။

ကိုကိုနိုင် ( ပြန်/ဆက် )