မြင်းခြံ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ၁၂ ရပ်ကွက်မှ မီးဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့သည်။
ဇွန်လ ၁ ရက်နေ့ နံနက်ပိုင်းအချိန်တွင် မီးလောင်မှုကြောင့် နေအိမ်များပျက်စီးသွားသည့် အိမ်ထောင်စု(၁၄) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ ပုံး (၁၄) ပုံး၊ အိမ်ဆောက် ပစ္စည်းဖိုးနှင့် ဆန်ရိက္ခာဖိုးငွေ စုစုပေါင်း (၃,၃၂၀,၀၀၀)ကျပ်အား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြတ်ရွှေစင်မြင့်တို့က ပေးအပ်ခဲ့ရာ မီးဘေးသင့် အိမ်ထောင်စုများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)