တောင်သာ ဇွန် ၂
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့ မင်းစုအခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ တောင်သာမြို့နယ်၊ မြို့နယ်အဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို အ.လ.က(ခွဲ)အနောက်ရပ် ကျောင်းသား၊ ကျောင်းသူလေးများက လမ်းပြကြယ်သီချင်းသီဆိုဖွင့်လှစ်ခဲပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရမှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားနိုင်ရေးနှင့် ကျောင်းသား၊ ကျောင်းသူများ အန္တရာယ်ကင်းရှင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် အလေးထား ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်အေးအေးမိုးမှ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများအပ်နှံရေးနေ့ ရက်သီတင်းပတ် အကြောင်းနှင့်ကြိုတင်ပြင်ဆင်ထားရှိမှုများ၊ ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရေး ကျောင်းအပ်နှံရေးအတွက် ဆရာ၊ဆရာမများမှ ဆောင်ရွက်နေမှုကို ရှင်းလင်းဆွေးနွေးခဲ့သည်။ ကျောင်းသား၊ ကျောင်းသူများအတွက် နိုင်ငံတော်အစိုးရမှ အခမဲ့ဖြန့်ဝေပေးသော ပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်နှင့်ခဲတံများ၊ ကျောင်းဝတ်စုံများကို ကျောင်းသား၊ ကျောင်းသူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်ပညာရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ဆရာမများအား ကျောင်သား၊ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)