ဖြူးချောင်းရေလှောင်တမံမှ ရေပေးဝေမှု ခေတ္တရပ်ဆိုင်းပြီး ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်

ဖြူး   ဇွန်  ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ နွေစပါးနှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး ဖြူးချောင်းရေလှောင်တမံမှ ရေပေးဝေလျက်ရှိရာ ယခုအခါ မိုးစပါးစိုက်ပျိုးချိန် ရောက်ရှိပြီ ဖြစ်ပါသဖြင့် ဇွန်လ(၁)ရက်နေ့မှ ရေလှောင်တမံမှ ရေပေးဝေမှုကို ခေတ္တရပ်ဆိုင်းကာ ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

ဖြူးချောင်းရေလှောင်တမံ တူးမြောင်းများမှ ရေပေးဝေခြင်းကို ဇန်နဝါရီလတွင် စတင်ပေးဝေခြင်းဖြစ်ပြီး ယခုနှစ်နွေရာသီတွင် နွေစပါး (၁၇၃၈၉) ဧကကျော်နှင့် အခြားသီးနှံများ စိုက်ပျိုးနိုင်ရေး အောင်မြင်စွာ ရေပေးဝေနိုင်ခဲ့သည်။ ယခုအခါ မိုးစပါး စိုက်ပျိုးချိန် ရောက်ရှိပြီဖြစ်ပါသဖြင့် ရေပေးဝေခြင်းကို ခေတ္တရပ်ဆိုင်းကာ လက်ဝဲ/လက်ယာ ရေတံခါးများပိတ်ခြင်း၊ သဲထုတ်ရေတံခါးများ ဖွင့်ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ထားရှိကြောင်းနှင့် ဖြူးမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ဧကကို (၁၅၀၉၅၄) ဧက လျာထားကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)