မြစ်သားမြို့နယ် အခြေခံပညာကျောင်းများ၌ လက်ဆေးနည်းပညာ‌ပေးဟော‌ပြောခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များ စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

မြစ်သား ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ အခြေခံပညာကျောင်းများ၌ ကျောင်းဖွင့်ချိန် ကျောင်းသား၊ ကျောင်းသူများအား သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ် နိုင်စေရန်ရည်ရွယ်၍ လက်ဆေးနည်းပညာ‌ပေးဟော‌ပြောခြင်း၊ Abate ဆေးခပ်ခြင်းနှင့် ကျောင်းမုန့်စျေးဆိုင်များစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ဇွန် ၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် အခြေခံပညာကျောင်းများရှိ ကလေးငယ်များကို ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေး ဆရာမများက ကျန်းမာ‌ရေးအညီလက်ဆေးခြင်း အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ ရေလှောင်အုတ်ကန်များအတွင်း ပိုးလောက် လမ်းပေါက်ပွားနိုင်သည့်နေရာများအား ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် Abate ဆေးခတ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် ကလေးသူငယ်များကိုရောင်းချနေသည့် အစားအသောက်နှင့် မုန့်များတွင် ဆိုးဆေးသုံးစွဲသည့်မုန့်များ၊ ရက်လွန်မုန့်များ၊ မသန့်ရှင်းသောအစားအသောက်များ ရောင်းချမှုမရှိစေရန် ဆိုင်ရှင်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။        

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာနေအောင်စိုး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ဆရာမကြီးများနှင့် ဆရာ/ဆရာမများပူးပေါင်း၍ မိုးရာသီကာလအတွင်းဖြစ်ပွားတတ်‌သော သွေးလွန်တုပ်ကွေး‌ရောဂါ ကြိုတင်ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပူး‌ပေါင်းဆောင်ရွက်ခဲ့ကြကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ဝါဝါမြင့်(မြစ်သား)